App developer တစ်ယောက်အနေနဲ့ရပ်တည်နေပြီး Mok Won နဲ့ Ki Eun အပြင် တခြားသူငယ်ချင်းအပေါင်းအသင်းမရှိတဲ့ Kim Sum နေ့စဥ်ဘဝမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံပြောဆိုရတာကိုက Kim Sum အတွက် ဝန်ထုပ်ဝန်ပိုးကြီးလိုဖြစ်နေပြီးအချိန်အများစုကို သူ့ရဲ့ရုံးခန်းလေးထဲမှာပဲ ကွန်ပျူတာတစ်လုံးနဲ့တစ်ကုပ်ကုပ် အချိန်ကုန်ဆုံးနေတတ်တဲ့ sociopath တစ်ယောက် ဒီလိုလက်တွေ့ဘဝမှာ လူတွေနဲ့သဟဇာတမဖြစ်တဲ့ Kim Sum က တစ်ဖက်မှာတော့ ကမ္ဘာကြီးရဲ့နေရာပေါင်းစုံကလူပေါင်းစုံရဲ့ဆုံစည်းရာဖူးစာဆုံရာ “Somebody” လို့ခေါ်တဲ့ online dating app တစ်ခုရဲ့ ဖန်တီးသူပဲ့ကိုင်ရှင်လည်းဖြစ်နေပြန်ပါသေးတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီလူသတ်မှုမှာ “Somebody” ပါ ပါဝင်ပတ်သက်နေလို့စစ်ဆေးမေးမြန်းမှုတွေနဲ့ကြုံတွေ့နေရတုန်း Kim Sum ရဲ့ရပ်ဝန်းထဲကို Yoon O လို့ခေါ်တဲ့ ပဟေဠိတွေအပြည့်နဲ့ခပ်မိုက်မိုက် ဗိသုကာပညာရှင်တစ်ယောက်ရောက်လာခဲ့တယ်။ ဟုတ်ပါတယ် အားလုံးထင်ထားသလိုပဲလူသတ်မှုဖြစ်မှ Kim Sum နဲ့ဆုံတွေ့ဖြစ်လာတဲ့ Yoon O က ဖြစ်ခဲ့တဲ့လူသတ်မှုရဲ့တရားခံဖြစ်သလို လူသတ်ရတာကိုမှ ဝါသနာပါပါတယ်ဆိုတဲ့ psychopath တစ်ယောက်ပါ။